အလုပ်သင်ဆရာဝန်ကလေးဒေါက်တာငြိမ်းချမ်းသည် မျက်မှောင်ကိုကြုတ်၍ ခေါင်းကိုငုံ့ကာ နားကြပ်ထဲမှ အသံကလေးတစ်သံကို ကြာရလိမ့်နိုးဖြင့် သေချာအာရုံစိုက်၍ နာထောင်နေမိသည် ၊
နှလုံးခုန်သံကလေးတစ်ချက်ပဲဖြစ်ဖြစ် ၊ အသက်ရှုသံလေးသဲ့သဲ့ပဲဖြစ်ဖြစ်ပေါ့ ၊ သူမျှော်လင့်ကြီးစွာ ဖြစ်မိသော ထိုအသံတို့အစား ငိုရှိုက်သံ သဲ့သဲ့ကို ကြာမိသလိုလို ထင်မင်သည် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ထိုအသံသည် သူ့အတွက်တော့ကြောက်မက်ဖွယ် ကျယ်လောင်လွန်လှသလိုပင် ကလေး၏ အမေသည်
စတင်၍ ငိုက်ရှိုက်နေပြီလေ ။
သူ၏ရင်ဘတ်တဒိတ်ဒိတ် လှုပ်ခုန်နေသည် ၊
သူ့ပတ်ဝန်းကျင်မှ
မျက်လုံးပေါင်းများစွာသည်
သူ့အား မျှော်လင့်ကြီးစွာ ငေးစိုက်ကြည့်နေကြသည်ကို သူမကြည့်ပါဘဲနှင့်သိနေသည် ၊ သူဘာလုပ်ရမည်နည်း ၊ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့်နားကြပ်ကို ကလေး၏ ရင်ဘတ်ပေါ်မှ ခွာလိုက်သော သူ့လက်အစုံသည် နှေးကွေးလွန်းလှ၏ ။
သို့မျက်နှာကို အသာမော့လိုက်သည် နဖူးပေါ်မှာ
ခွေးတစ်စက်သည်
ကလေးငယ်၏
ငြိမ်သက်နေပြီးဖြစ်သော
လက်ဖမိုးလေးပေါ်သို့တေက်ခနဲ့ကျသွားလေသည် ၊သူ့အား
ဝိုင်း၍ စူးစိုက်၍ ကြည့်နေသော မျက်လုံးများကို သူ မမြင်ရဲသလိုဖြစ်နေသည် စကားတစ်ခန်းတော့ပြောမှ ဖြစ်မယ်ဟု တွေးမိသည် ။ သို့သော် သူ၏ နုတ်သည် ခဲဆွဲထားသကဲ့သို့လေးလံလွန်းလှချေ၏ ကလေးအမေသည် သူ့လက်မောင်းအားဘာလုပ်လို့လုပ်မိမှန်မသိသည် အမူအရာဖြင့်ကိုင်လှုပ်လိုက်လေသည် ။
“ဆရာပြောစမ်းပါ ၊ သားကလေးအသက်မရှ့ဘူးမဟုတ်လားဟင် “
သူတို့အားကိုချစ်ခင်သည့်ဆရာဝန်ကလေး၏ မျက်လုံးအစုံတွင်ရစ်ဝဲနေသော်မျက်ရည်စတို့ကို သူတို့မြင်သွားကြပြီး ။ စကားတစ်ခွန်းမျှ မပြောရပါဘဲနှင့်အဖြေမှန်ကို အားလုံးသိသွားကြလေသည် ။
တိတ်ဆိတ်လွန်းမက တိတ်ဆိတ်လျသော တဒင်္ဂသည်
တစ်ခဏအတွင်းမှာပင်
စီခနဲ့ ဆူညံသွားလေ၏ ။ ကလေးအမေသည် ယခုတော့ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည် ။
"ဆရာရယ်
မကယ်နိုင်တော့ဘူးလား
ကျွန်မသားကလေးကို
ကယ်ပါဦး"
ချာတိတ်ကလေး၏
ချစ်စဖွယ်
မျက်နှာလေးကို
သူငေးစိုက်၍
ကြည့်မိသည်
မနေတုန်းကမှ
သူ့အားတီတီတာတာပြောခဲ့သော
ကလေး၏ နုတ်ခမ်းအစုံသည် အခုတော့လည်း မလှု ပ်ရှားနိုင်တော့ပြီ ။ ထိုနေရာတွင် သူမည်သို့မျှ ဆက်၍ နေနိုင်စွမ်း မရှိတော့ ကျလာသော မျက်ရည်တစ်ပေါက်ကို မည်သူမှ မမြင်မီ သူ ချာခနဲ လှည့်ထွက်လာမိလေသည် ။
အကြာကြီးပေါင်းသင်း ဆက်ဆံနေမှသာ
ငြိတွယ်တတ်သည်
မဟုတ် ။ တစ်ခဏမျှသော အချိန်ကလေးအတွင်းမှာ တင်းကျပ်နေအောင် နှောင်ဖွဲ့တတ်သော သံယောဇဉ် ဆိုတာရှိသေးသည်ကို သူ မျက်ဝါးထင်ထင်
မြင်ခဲ့လေ၏ ။
ဆရာဝန်များ
စာပွေဲတွင်
သူမျက်နှာအပ်နေမိ၏
။ ဖြစ်နိုင်လျှင် လူတွေ အားလုံးနှင့်ဝေးရာသို့ပြေးထွက်လို့ သွားချင်မသည် ၊နှမြှော ၀မ်းနည်းမှုကို သူ့ရင်ထဲတွင် တင်းကျပ်နေအောင် ခံစားရသည် ။
သူ၏
နျာက်နေသော
နှလုံးသားအတွင်းမှ
ပြင်းထန်သော
ခံစားချက်တို့ကို
သူ့ဘာသာသူ
သတိပြုမိတော့
မလုံမလဲဖြစ်မိ၏
။ ကဗျာသမား ။စာသမား အတွေးသမားလေးတစ်ယောင်နှင့်သည်လိုဆရာဝန်ဘ၀သည် အပ်မှ အပ်စပ်ပါရဲ့လားဟု ၀မ်းပန်းတနည်းသူတွေးမိလေသည် ။
လန်းဆန်းနေသော ပန်းပွင်ကကလေးများ ဓစိမ်းလန်သော
မြက်ခင်းကလေးများ
၊ ပျံဝဲနေသော လိ့်ပြာကလေး တေးဆိုနေသော ငှက်ကလေးများကို အဖော်ပြုပြီးတေးတော ငေးမောနေတတ်သော အတွေးကမ္ဘာလေးထဲ ပျော်မွေ့နေတတ်သည်
စာသမားကလေးသည် ယခုတော့
နီရဲသော သွေးစက်များ ၊ ငိုးညည်း ရှိုက်ငိုသံများ မချိမဆံ ခံသစားနေရသော ဝေဒနာရှင်များ ၊ ကဗျာမဆန်သော သေခြင်းတရားတို့နှင့်သာ ထာဝရ ရင်ဆိုင်တွေ့ကြုံနေရတော့မည့် ဆရာဝန် တစ်ယောက်ဖြစ်လာခဲ့လေပြီ ။
ဆရာဝန်တစ်ယောက်မှာ ခံစားတတ်သော
နှလုံးသား
ရှိရတော့ဘူးလား
၊၀မ်းနည်းကြေကွဲခြင်း
၊နှမြောတမ်းတခြင်း
တို့ကိုလည်း
ဆေးရုံ၏ အပြင်တွင် ဖြုတ်ခွါချထားနိုင်ခဲ့လျှင်ကောင်းမည် ၊ ရင်ထဲမှ ခံစားချက်တွေ ၊ ငိုညည်းရှိုက်ငုံသံတွေကို မည်သူမျှ မကြား မသိနိုင်အောင် ဖုံးကွယ်တတ်သောပညာကို ရဖို့သူ့တွင် အလေ့အကျင့်များစွာလိုပေဦးမည် ။
အလုပ်သင်ဆရာဝန်ကလေး ဒေါက်တာငြိမ်းချမ်းသည် သူ့ရာသက်ပန် လျှောက်လှမ်းသွားရတော့မည့် ဆရာဝန် ဘ၀ကို ရင်မောစွာ ငေးမျှောကြေည့်မိရင်းက သက်ပြင်းရှည်ကြီးတစ်ခု ချမိလိုက်လေသည် ။
လွန်ခဲ့တဲ့သုံးရက်က ဒီဆေးရုံကို
ချာတိတ်ကလေး
ရောက်လာခ့တာပဲ
၊ အဲဒီတုန်းက သူ့ရဲ့ ဂျူတီညလေ ။ မိုးတွေ တဖြောက်ဖြောက် စွေနေတဲ့ညချမ်းမှာ ချာတိတ်နဲ့စတွေ့ခဲ့တာ ၊ အဲဒီတုန်းက မင်းဖျားနေတယ် ။ဖျားနေရာကမင်း အန်ချလိုက်တယ် ။ မင်းသာ အခုဆက်ပြီး အသက်ရှင်နေသေးရင် ကော်ဖီဆိုတာကြီးကို မင်းမုန်းမိမှာပဲလို့ ထင်တယ် ၊ ဘာကြောင့်လဲဆိုတော့
အဲဒီတုန်းက
မင်းအန်ခဲ့တဲ့
အရည်တွေဲ
အရောင်ဟာ “ကော်ဖီရောင် “ တွေ မဟုတ်လား ။
ကိုယ်စမ်းသပ်ရတဲ့ လူနာကလေးကို
ရင်းနှီးသွားအောင်
မိတ်ဆက်ရတာ
ဆရာဝန်တစ်ယောက်ရဲ့
တာဝန်ဝတ္တရားလေ
၊
ဟေ့
သားသား ဦးဦးကို ပြောပါဦးကွ ။ မင်းနာမည် ဘယ်လိုခေါ်လဲ ၊ ဘယ်နှတန်းရောက်ပြီလဲ ။
သားသားနာမည်က
မောင်ငြိမ်းချမ်းပါ
၊ သားအခုသုံးတန်းရောက်ပါပြီ ။ ဒေါက်တာငြိမ်းချမ်း ရင်ထဲဒိတ်ခနဲဖြစ်သွားသည် ။
ဟာ
သားသားနဲ့
ဦးနဲနာမည်
တူပဲကွ ၊ ဦးဦး နာမည်လည်း ငြိမ်းချမ်း ၊ ကိုင်းတွေ့ရတာ ၀မ်းသာလိုက်တာ သားသာားရာ ။
ငြိမ်းချမ်း
နှစ်ဦး၏ နုတ်ဆက်ပွဲ
အခမ်းအနားကို
ကလေး၏ အဖေနှင့်အမေ သည် ပြုံး၍ ကြည့်နေခဲ့လေသည် ။ ကလေးအမေက ဆရာ ကျွန်မတို့မှာ ဒီသားလေး တစ်ယောက်တည်း မွေးတုန်းကလည်း ခက်ခက်ခဲခဲ ညှပ်ဆွဲပြီး မွေးထားရတာဆိုတော့ မိသားစု တစ်ခုလုံးရဲ့ အချစ်တော်ကလေး ဖြစ်နေတာပေါ့ဆရာ ။
ဟုတ်လား
သားသား ကြီးလာရင် ဘာလုပ်မလဲကွ ။
ရင်းနှီးခင်မင်စြွ မေးလိုက်မိသည် ။ သားရဲ့အဖြေက်
သိပ်ကို သွက်လက်ပြတ်သားတာပဲ ။
“ ဦးဦးလိုပဲ ဆရာဝန်ကြီး လုပ်မယ် “
“ အောင်မလေး ၊ ဆရာရယ် ။ အိမ်မှာ သူ့ကစားရင် ဆရာဝန်လုပ်တမ်းချည်းပဲ ၊ တစ်ခါကကျွန်မအိပ်ပျော်နေတုန်း တင်ပါးကို အပ်နဲ့လာထိုးလို့လန့်အော်ရပြီးပြီလေ “
သားမေမေရဲ့
စကားသံက မင်းအတွက် ဂုဏ်ယူ အားရတဲ့ တစ်ဦးတည်သော သားကလေးအပေါ်ချစ်လွန်းတဲ့ မိခင်လေသံ ပီသပါပေတယ် ။
ဆရာဝန်ကလေးငြိမ်းချမ်းနဲ့ လူနာကလေးငြိမ်းချမ်းတို့ အဲဒီတုန်းကတည်းက စပြီ ခင်မင်ရင်နှီးသွားကြတာပါပဲလေ ၊ ငြိမ်းချမ်းကလေးက သူ့လက်ကို မြဲမြဲကြီး ဆုပ်ကိုင်ထားတယ် ၊ ဒီလက်ကလေးသေးသေးထဲက သံယောဇဉ်တွေ သူ့ဆီကို စီးဝင်လာခဲ့သည်လာ ၊သူမတွေးချင်တော့ပြီ ။
တခြား
ကလေးတွေနဲ့မတူတဲ့
ပုံစံကလေးကို
မင်းဆီမှာ
တေ့ရတယ် ။ များသောအားဖြင့်ကလေးတွေဟာ ဆရာဝန်နဲ့ ရင်ဆ်ုငတွေဲပီး စမ်းသပ်ခံရပြီဆိုရင် သိပ်ပြီး ကြောက်ကြတာပဲ ။ ဆရာဝန် မြင်ရင် သရဲသဘက်မြင်ရသလိုပဲ ။
ဆရာဝန်ကို
မြင်လို့မငိုတဲ့
ကလေးဆိုတာ
ရှားမှရှား
။ မငိုဘူး
ဆိုင်ရင်တောင်မျက်လုံးလေးကလယ်ကလယ်နဲ့ကြောက်လန့်တဲ့ အရိပ်အရောင်တော့မြင်ရစမြဲ ။
မင်းရဲ့ မျက်လုံးလေးတွေကျတော့အဲသလိုမဟုတ်ဘူး ၊ အရောင်တောက်ပြီးဝင်းလက်နေတယ်။
ဆရာဝန်ကေလေးငြိမ်းချမ်းကို ကြည့်နေတဲ့မျက်လုံးထဲမှာ ကြောကရွံ့မှု့အစား
ခင်မင်မှု ၊ အားကျနှစ်လိုမှု့တွေမြင်နေရတယ် ။ မင်းရဲ့ အမူအရာ တွေကလည်း ထူးခြား
၊ ဒါကြောင့် တခြားကလေးတွေလူနာတွေအများကြီးနဲ့မတူတဲ့သားသားကို ဦးဦးထူးထူးခြားခြားခင်မိတာ
ဦးဦးအပြစ်လား သားသားရေ ။တကယ်တမ်းကျတော့ အဲသလို မခင်မိခဲ့ရင် ကောင်းမှာ ။
‘ သားရေ မင်း ဦးဦးလို ဆရာဝန်လုပ်မယ်ဆို ‘
ဝမ်းနည်းခြင်း ၊၀မ်းသာခြင်း ဟူသော ခံစားချက်တို့သည် ဆရာဝန်တစ်ဦးတွင်
မရှိသင့်ပြီးလား ။
သေခြင်းတရား ၊ နာခြင်းတရားကို တည်ငြိမ်စွာ ရင့်ကျက်စွာ ရင်ဆိုင်နိုင်ရမည်လေ
။ မင်းဆရာဝန်မဟုတ်ဘူးလားဟု သို့ကိုယ်သူ ပြန်၍ မေးမိသည် ။
ကဗျာသမား ၊ စာသမား ။ အတွေးသမားကလေးတစ်ယောက်သည် တစ်ချိန်တည်းတွင်
ဆရာဝန်တစ်ဦးပါ ဖြစ်နေခဲ့သည်ပဲ ။ ဒါပေမယ့် ဆရာဝန်ဆိုသည်မှာလည်း ခံစားတတ်သည့် လူသားတစ်ဦးပဲမဟုတ်ဘူးလား
။ အလုပ်သင် ဆရာဝန်ကလေးတစ်ယောက်၏ နုနယ်သော နှလုံးသားတွင် ဒဏ်ရာ ရခဲ့ပြီ ။ ဒီလို ဒဏ်ရာတွေဆက်ကာဆက်ကာ
ရပြီးနောက် ခါးသီးတဲ့အတွေ့အကြုံများစွာ ရင်းနှီးပြီးတဲ့အခါ တည်ငြိမ်ရင့်ကျက်သော ဆရာဝန်ကြီးတစ်ယောက်
သူဖြစ်လာပါလိမ့်မည် ။
သို့သော်
အခုတော့ ၊ အခုအချိန်တွင်တော့…..၊ နာကြပ်ကို သူ့လက်မှာ တင်းတင်းလေးဆုပ်ထားလိုက်သည်၊
နာကြပ်ကလေးကို ကြည့်ရင်းသားသားရဲ့မျက်လုံးတောက်တောက်ကလေးတွေကို သူကြေကွဲစွာ သတိရမိ၏
။
ဒီနားကြပ်ကလေးနြ့သီးဦးက မင်းရင်ဘတ်ကိုထောက်ပြီး နားထောင်တော့မင်းကတစ်ခုပြန်ပြီး
တောင်းဆိုတယ် ။
‘ ဦးဦးရဲ့
ရင်ဘတ်ကို သားလည်းပြန်နားထောင်မယ်နော်‘ ရယ်ရယ်မောမော်နဲ့သားသားရဲ့အလိုကို
ဦးလိုက်ခဲ့ရတယ် ၊ မင်းတို့မေမေကတောင် ဦးကို အားနာလို့ပေါ့ ။
ဦးဦးရဲ့ ရင်ဘတ်က မြင်းပြေသလို ခုန်နေတဲ့နှလုံးခုန်သံကို မင်းကြားရလို့
သိပ်သဘောကျ နှစ်ခြိုက်ခဲ့တာ ဦးမမေ့နိုင်ဘူး ။ပြီးတော့ နောက်ပိုင်းသားတို့အခန်းရှိရာ
ဦးလာတုန်း အခန်းဝကကြားခဲ့တဲ့မင်းနဲ့မင်းမေမေ ပြောနေတဲ့စကားသံကိုလည်း ဦးဦးမမေ့နိုင်
။
‘မေမေ အိမ်ပြန်ရောက်ရင် ဟိုဦးဦးကိုင်တဲ့နားကြပ်မျိး
သားသားကို ၀ယ်ပေးရမယ်နော် ‘ လို့ဆိုးနွဲ့ပြီး အမေ့ဆီက ပူဆာနေတဲ့သားရဲ့
အသံရယ် ၊ မင်းမေမေရဲ့သားနေကောင်းပြီး အိမ်ရောက်တာနဲ့ အမေ ၀ယ်ပေးမယ်နော် လို့ ကတိပေးခဲ့တဲ့အသံရယ်
၊ ခုတော့မင်း သိပ်လိုချင်တဲ့ နားကြပ်ကလေးကို မင်း မယူသွားတော့ဘူးလာဟင် ။
ချာတိတ်မင်းရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်လေးကို သူတို့ယူဆောင်သွားကြတော့မယ်
။ မင်းမေမေက မျက်ရည် စက်လက်နဲ့ ဦးကို နုတ်ဆက်နေလေရဲ့ ။
ဆရာ ကျွန်မတို့ပြန်ပါဦးမယ် ။ သားကလေး ဆေးရုံတက်ချိန်မှာ အစစအရာရာ
ဂရုတစိုက်ပြုစုခဲ့တာ မေမေ့ပါဘူး ဆရာ ။ မင်းကရော
ဦးဦး သားသား ပြန်တော့မယ် လို့နုတ်ဆက်မသွားတော့ဘူးလားကွယ် ။
မင်းသာ အဲဒိလို နုတ်ဆက်ခဲ့မယ်ဆိုရင် ဦးဦးကလည်း ပြန်ပြောလိုက်ချင်ပါရဲ့
။
‘တာ့တာ သားသားရေ ပြန်တော့ကွယ် ၊ နောက်တစ်ခါဆေးရုံကို
လာတဲ့အခါ ဒီလို လူနားကလေးတစ်ယောက်အဖြစ်မဟုတ်ဘဲ ဆရာဝန်ကလေးတစ်ယောက်အဖြစ် လာခဲ့နော်’
လို့
ဦးဦးရဲ့စကားတွေကို တမလွန်က မင်းကြာနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါရဲ့
လူနာကလေး မောင်းငြိမ်ချမ်း၏ မှတ်တမ်းစာရွက်များသည် စာပွဲပေါ်တွင်
ပြန်ကြဲနေလေ၏ ၊ စာရွက်ပေါ်တွင် သူရေးထားခဲ့သော ရောဂါအမည်ကို သူမုန်းတီစွာ ကြည့်မိလေသည်
စာလုံးလေးသုံးလုံးတည်းပါပဲ အဲဒါကတော့ ‘DHF ‘‘Dengue Hemorrhagic fever တဲ့လေ ။ သွေးလွန်တုပ်ကွေး ဟု နာမည်ကြီးလှသော
ရောဂါဆိုးကြီးကို သူမုန်တီးနာကြည်သည် ။
ကျောင်းတုန်းက သူတို့၏ ဆရာမကြီး ပါမောက္ခ ဒေါ်သိန်းသိန်းမြင့်၏
စကားသံကို သူကြားယောင်မိသည် ။
ဒီ DHF ရောဂါမှာ တခြားရောဂါတွေနဲ့မတူတဲ့ ထူးခြားချက်ရှိတယ်
။ ဒီရောဂါဟာ သိပ်ချစ်စရာကောင်းပြီးတိတိတာတာ ပြောဆိုတတ်တဲ့ကလေးတစ်ယောက်ကို ဆော့ကစားနေရာက
ရုတ်တရက် ဖျားပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဗြုန်းခနဲ သေဆုံးသွားစေတတ်တယ် ၊ မင်းတို့
စဉ်းစားကြည့်စမ်း အဲဒီအခါကျ ကလေး ကလေးရဲ့ မိဘတွေရော ဆရာဝန် ဆရာမတွေပါ မကျန် ဘယ်လောက်တောင်နှမြောတသပြီး
ယူကျုံးမရ ဖြစ်လိုက်မလဲ ဆိုတာလေ ။
သူ့စိတ်ထဲတွင် အလှပဆု့ါ် ၊အစိမ်းလန်းဆုံးဆိုတဲ့ ဖူးသစ်စအရွယ်က
ကလေးငယ်များကို လူ့ဘ၀သစ်ပင်ထက်မှ ရက်စွက်စွာ ကြွေလွင့်သွားအောင် စောစီးစွာ ခြွေပစ်သော
ရှင်သေမင်းကို နာကြည်းရမည်လား ။လှပချစ်စဖွယ် ကလေးငယ်များကို ရွေး၍ ရက်ရက်စက်စစက် ဇီဝိန်ခြွေပစ်တတ်သော DHF ဟူသည် ရောဂါဆိုးကို အပြစ်ဆိုရမည်လားမသိတော့ပြီ ။
မျက်စိနှင့်မမြင်နိုင်လောက်အောင် သေးငယ်သော သွေးလွန်တုပ်ကွေးဖြစ်စေသည့်
ဗိုင်းရပ်စ်ပိုးကလေးများသည် တ၀ီဝီနှင့် ပျံနေသော ခြင်ကျားကောင်ကလေးများမှတစ်ဆင့် ကလေးငယ်တို့၏
သွေးထဲရောက်သွား၏ ၊ ပြေးလွှာဆော့ကစားနေရာမှ ရုတ်တရက် အဖျားသွေးဝင်လာစေ၏ ။
ထိုသေးငယ်သော ဗိုင်းရပ်စ်ပိုးများ၏ အစွမ်းသည် အံသြဖွယ်ပင် ။
ကံဆိုးသူ
ကလေးငယ်များတွင် ဖျားပြီး သုံးလေးရက်အတွင်း၌ သွေးလန့်သောလက္ခဏာများပေါ်ပေါက်လာတတ်၏ ။
သွေးလွန်တုပ်ကွေးလို့ ဒါကြောင့်ခေါ်တာပဲ ။
ထိုအချိန်တွင် ကလေးမိဘတွေ
ခြေမကိုင်မိလက်မကိုင်မိ စိုးရိပ်ပူပန်ကြရတော့၏ ။ဗိုင်းရပ်စ်ပိုးလေးများ၏ ဖျက်စီးးမှုကြောင့်
သေးယုသော လက္ခဏာများပေါ်လာတတ်၏ ။
အစာအိမ်တွင် ၊ အူထဲတွင် သေးယိုပီဆိုလျှင် ကော်ဖီရောင် အရည်တွေ
အန်မည် ။ ကတ္တရာစေးကဲ့သို့ -မ်းမည်းမည်းများသွားမည် ။ အချို့နှခေါင်းထဲမှ
သွေးယိုတတ်၏ ။ အချို့တွင် အရေးပြားပေါ်မှာ သွေးခြည်ဥသကဲ့သို့ အနီစက်ကလေးများပေါ်လာတတ်သည်
။ ထိုအချိန်မျိုးတွင် ကလေး၏ သွေးဖိအားကျသွားပြီး ခြေဖျားလက်ဖျားအေးစက်လာတတ်သည် ။ကလေးသည်
လန်းဆန်းမှုမရှိတော့ဘဲ မှိန်းနေတော့မည် ။တစ်ခါတစ်ရံ ကယောက်ကတမ်းဖြစ်တတ်သည် ၊ရုတ်တရက်
သတိလစ်မေ့မြောသွားတတ်သည် ။
ဒေါက်တာငြိမ်ချမ်းသည် သားသားသူတို့ဆေးရုံသို့ရောက်လာပုံကို ပြန်မြင်ယောင်မိလေသည်
။
သားသားရေ မင်းကောဖီရောင်တွေ အန်ပြီး ဦးဦးဆို့ဆီရောက်ခဲ့တာ
သားရဲ့ကံကြမ္မာက ဆိုးရွားခဲ့တယ်နော် ၊ ဦးဦး ကလေတာ့ ကုသိုလ်ကံကြမ္မာ ဆိုတာကို မယုံချင်ပါဘူး
။ ဒါပေမဲ့ သား စဉ်းစာကြည့်လေ ၊ ဦးဦးတို့ ဒီရောဂါကို ကုသကြတဲ့အခါ ဒီရောဂါဖြစ်အောင်
လုပ်တဲ့တရားခံ ဗိုင်းရပ်စ် ပိုးကောင်တွေကို သေအောင် သတ်နိုင်တဲ့ဆေး မရှိသေးဘူး ။ အဲဒီတော့ ဦးဦးတို့က သူတို့ဒုက္ခပေးလို့
ခန္ဓာကိုယ် သွေးကြောတွေထဲက ထွက်ကုန်တဲ့ သွေးရည်ကြည်တွေ သွေးတွေအစား ကလေးရဲ့ အခြေအနေကို
သေချာစောင့်ကြည့်ပြီး လိုအိပ်သလို ဓာတ်ဆားရည် ၊ သွေးရည်ကြည် ၊ သွေးဆွေကို အချိန်ကိုက်
အစားထိုးထည့်သွင်းပေးရတယ် ။ဒီလို သွယ်ဝိုက်ပြီး ကုသကြရတာ ဆိုတော့ ၀င်သွားတဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ
အင်းအားကြီးမားမှု့ပမာဏရယ် ဦးဦးတို့ရဲ့ ကုသမှုရယ် သားတို့ရဲ့ ကုသိုလ် ကံကြမ္မာရယ်ဟာ
အားပြိုင် လွန်ဆွဲကြတော့တာပေါ့ ။
ဦးဦးတို့
ဆရာဝန်တွေ သားတို့တွေ အင်အားမလျော့သွားအောင် အင်းအားဖြည့် ကူညီဖို့ပဲ တတ်နိုင်တာ ၊
ရန်သူ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်ဖို့ လက်နက်မရှိဘူးကွယ် ။ ဆေးရုံရောက်စက သားအခြေအနေက
မဆိုးပါဘူး ၊ သားကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ ဦးတို့နဲ့ အနီးဆုံးမှာ နေရာချထားပေးခဲ့တယ်
။
တာဝန်အရရော ချစ်ခင်မှု သံယောဇဉ် အရရော သားဆီ ဦးဦ ခဏခဲဏရောက်လာတတ်တယ်
။ ပထမရက် ၊ ဒုတိယရက် ဦးနဲ့သားနဲ့ပိုပြီး ခင်မင်လာကြတယ် ။ မင်းက သိပ်စကားတတ်ပြီ တီတီတာတာ
ပြောတတ်တာပဲ ။
သားသားအတန်းထဲမှာ အမြဲပထမရတယ် ။ ဦးဦး ငယ်ငယ်တုန်းကရော သားလို ပထမရလားဟင်
ရတာပေါ့ သားရယ် ၊ ဦးဦးက အမြဲတမ်း အတန်းထဲမှာ ပထမ သားလိုပဲ
။
ဒါဆို ဦးလိုပဲ သားလည်းကြီးရင် ဆရာဝန်ဖြစ်မှာပေါ့နော် ။
သိပ်သေချာတာပေါ့ သားသားရယ် စာကြိုးစားနော်
အခုနေမကောင်းလို့ကျောင်းစာတွေ နောက်ကျကုန်တာ့မှာပဲ ဦးဦးရယ်
၊ သားဆေးရုံက ဆင်းရင် ဦးဦး သားဆီလာလည်ရမယ်နော် ။
သေချာပေါက် လာလည်မှာပေါ့ သားသားရယ် ။
သံယောဇဉ်ဆိုတာ တမင် ဖန်တီးယူလို့ရသည်မဟုတ် ၊တိုက်ဆိုင်သွားသည့်အခါ
ကြိုးမျှင်ကလေးတွေချင်း ငြိတွယ်ပြီး ခိုင်မြဲသွားတတ်သည်လားမသိ ၊ မင်းလေးကိုကြည့်တော့
ဦးရဲ့ ငယ်ဘ၀ကို ပြန်မြင်ယောင်မိစေတယ် ။ ဦးငယ်ငယ်က သားလိုဆေးထိုးအပ်တွေ ၊ နာကြပ်တွေ
ဝါသနာ မပါဘူး ၊ ဦးဦးက ငယ်ငယ်ကတည်းက စာအုပ်လေးတစ်အုပ်ကို ချောင်ထဲမှာ ကုပ်ကုပ်လေး
ဖတ်ပြီး ငေးမော တွေးတောနေတတ်တဲ့ဝါသနာရှိတာ ၊ ဒါပေမယ့် အခုတော့ ဦးဦးဟာ နားကြပ်ကို
ကိုင်ပြီး ငိုင်နေမိပြီ ၊ လူနာတွေ လူသေတွေ သွေးစက်တွေ ၊ငိုးညည်း ရှိုက်ငိုသံတွေ ကြားမှာ
လှုပ်ရှားရင်းနဲ့ တွေးတော ငေးမောနေတတ်တဲ့ ဦးဦးဟာ ဆရာဝန်တစ်ယေယာက်မှ ပီသပါလေစ ၊ မင်းလို
ငယ်စဉ်လေးကတည်းက နာကြပ်နဲ့ ဆေးထိုးအပ်ကိုစိတ်ဝင်စားသူကလေးဟာ ကြီးလာရင် ဘယ်လောက်တောင်
ထူးချွန် ထက်မြတ်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်လာလိမ့်မလဲ ၊ ဦးဦး နှမြောတသမိပါရဲ့
။
ဒါပေမယ့်
ကံကြမ္မာဆိုးဟာ သားသားကို ဒီလောက ကြာကြာ မနေနိုင်အောင် ရက်ရက်စက်စက် ကြွေလွင့်သွားစေခဲ့တယ်
။
ဒီနေ့ဆို သားသား ဆေးရုံရောတာ တတိယနေ့ ၊ ဆေးရုံကို ရောက်ရောက်ချင်းပဲ သားသားဆီ ဦးဦးရောက်ခဲ့တယ် ။ ခါတိုင်းလို ဦးဦးကို
ရွှင်ရွှင်ပျပျ မနုတ်ဆက်နိုင်တဲ့သားကို ဦးဦး စိတ်ပူမိတယ် ။ သား မေမေကတော့ မျက်စိမျက်နှာတွေ ပျက်နေပြီ ။
‘သားကလေးကို ကယ်ပါဦးဆရာရယ်’ညကတည်းက သားသား ၀မ်းမည်းမည်းတွေ သွားပြီး ခြေဖျားလက်ဖျားတွေလည်း
အေးစက်လာလို့ ညက ဓာတ်ဆားတွေ သွင်းထားရတယ် ၊ ဒီနေ့မနက်တော့သွေးတောင် သွင်းနေရပြီ ။
သားမေမေကို အားပေး ၊ မင်းရဲ့ လက်ထိပ်ကို သွေးဖောက်တော့ မင်းရှုံမဲ့ပြီး
မျက်လုံးဖွင့် အကြည့်မှာ ဦးဦးကိုတွေ့သွားခဲ့တယ် ။ လှစ်ခနဲ ပြုံးပြခဲ့တဲ့ သားရဲ့ အပြုံးကို
ဦးနောက်ဆုံး တွေ့ခဲ့ရတာပါပဲ ။
အလုပ်သင် ဆရာဝန်လေးတစ်ယောက်ရဲ
အလုပ်တွေကလည်း များပြားလှပါဘိ ၊ ကလေးလူနာသစ်လေးတွေကို စမ်းသပ်စစ်ဆေး ၊ဆေးကုပေးရ ဆေးထိုးပေးရ သွေးဖောက်ရ တစ်မနက်လုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရတဲ့ကြားက
သားသားဆီ စိတ်နေရာက်နေမိတယ် ။ အကြာမကြာလည်းပြေးကြည့်မိတယ် ။ သားကို ဦးတို့ရဲ့ ပါမောက္ခ ဆရာမကြီးကိုယ်တိုင် ဦးဆောင်ပြီး
အစွမ်းကုန် ကြိုစားကုသပေးနေခဲ့တယ် ။ ဒါပေမဲ့
ဦးဦးပြောခဲ့ ပြီးပြီပဲကွယ် ။ ကံကြမ္မာဆိုတာ ဦးဦးတို့ကြိုတင် မခန့်မှန်းနိုင် ၊ မမြင်နိုင်ဘူး
မဟုတ်လား ။
ဦးဦးကတော့လေ သားသား
တစ်ယောက် ကုသိုလ် ကံကြမ္မာ ကောင်းပါစေလို့ တိတ်တိတ်ကလေး ဆုတောင်းနေမိတော့တယ် ။ တစ်ဦးတည်းသော သားလိမ္မာကလေးအတွက် သားရဲ ဖေဖေနဲ့မေမေ
ပူပန်တုန်လှုပ်နေပုံဟာ ဦးဖြင့် ဘယ်လိုအားပေးစကား
ပြောရမယ်တောင် မသိတော့ဘူး ။
နောက်ဆုံးတော့ . သားသားရေ မင်းကို ကံကြမ္မာ ဆိုးတွေက မွှေနှောက်လိုက်သလား
၊ ဗိုင်းရပ်စ် ပိုးတွေကပဲ အငြှိုးတကြီးနဲ့
ရက်စက်လိုက်တာလား ၊ သာလို လှပချစ်စဖွယ် ကလေးငယ်လေးကို ရှင်သေမင် သဘောကျ နှစ်ခြိုက်သွားပြီလား
ဦးဦးမသိနိုင်တော့ဘူး ။
သားသားလောကကြီးထဲက ထွက်ခွါသွားချိန် ကျတော့ ဦးတို့ တစ်တွေကိုတောင်
နုတ်မဆက်သွားနိုင်ခဲ့တော့ဘူး ။ အဲဒီတုန်းက မိုးစက်လေးတွေကလည်း တဖြောက်ဖြောက်နဲ့ ကျနေလေရဲ့
၊ အဲဒီတစ်ချိန်တည်းမှာ ဦးဦးတို့ ကလေးဆေးရုံကြီးရဲ အပြင်ဘက် ကုက္ကိုပင်ကြီးပေါ်က စိမ်းရွက်နုကလေးတစ်ရွက်
ကြွေလွင့်သွားခဲ့တယ် ။ နှမြောလှပါဘိ စိမ်းရွက်နုလေးသားသားရယ် ။
အလုပ်သင် ဆရာဝန်ကလေး ဒေါက်တာငြိမ်းချမ်း တစ်ယောက် စာပွဲပေါ်က
နားကြပ်ကလေးကို ငေး စိုက်
ကြည့်နေရင်း အတွေးနယ်ထဲတွင် လွင့်မျောနေမိသည် ။ သည်နားကြပ်ကလေးကို
နားထောင်တိုင်း လူနာ၏ နှလုံးခုန်သံ ၊ အသက်ရှူ သံတွေကိုသာ ကြားချင်လှပါသည် ။ ခုနတုန်းကလို
ငိုရှိုက်သံ သံ့သဲ့ကလေးကိုမျှ သူ မကြာလိုတော့ပြီ ၊ သူကြားခဲကသော နားကြပ်ထဲမှ ငိုရှိုက်သံသည်
ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ ဟု သူ တိတ်တိတ်ကလေး ဆုတောင်းမိတော့သည် ။
ထိုခဏမှာပင် သူ့အနီးသို့
ကလေးအမေတစ်ယောက် မောကြီးပန်းကြီးအပြေားအလွှာရောက်ရှိလာသည် ။
“ ဆရာ ဆရာ ၊ ကျွန်မ သားကလေး ၀မ်းမည်းမည်းတွေ သွားပြီး သတိလစ်သွားလို့
အမြန်လာကြည့်ပေးပါဦး“
သူ့ရင်ဘတ်သည် ဒိတ်ခနဲ
ခုန်သွားသည် ။ ရုတ်တရက် အသက်ဝင်လာသကဲ့သိုပင် ဒေါက်တာငြိမ်ချမ်းသည် နားကြပ်ကို ဆတ်ခနဲ
ကိုင်ဆွဲကာ ကလေးအမေ၏ နောက်မှ အပြေးအလွှားလိုက်သွားလေတော့သည် ။
တာဝန်နဲ့ အလုပ်သည် ဆရာဝန်တစ်ယောက်အဖို့
နှလုံးသားကိုပါ သင်ပေးသည် ဟူသော အတွေးကို ဒေါက်တာငြိမ်ချမ်းတစ်ယောက် အလုပ်သင်းဆရာဝန်လေးအဖြစ်နဲ့
နားကြပ်ကလေးက ငိုးရှိုက်နေသော သံစဉ်များကို ခံစားရင်း…
လူသားတိုင်း ရောဂါကင်း၍ ကျန်းမားကြပါစေ …..
ဒေါက်တာ စိုးလွင်၏ ဆေးလောကဇာတ်ခုံပေါ်က
အတွေအကြုံများ စာအုပ်မှ ပြန်လည်ရေးသားဖော်ပြပါသည် .
ကျေးဇူးတင်စွာဖြင့်
တက္ကသိုလ်မင်းနန္ဒာမင်းကင်း
၁၇.၁၁. ၂၀၁၅