May you be happy and good luck .
li>
  • Tree in field with blue sky.
  • Amaizing sunrise moment
  • Friday, 27 November 2015
    နားကြပ်ထဲမှ ငိုးရှိုက်သံများ
    အလုပ်သင်ဆရာဝန်ကလေးဒေါက်တာငြိမ်းချမ်းသည် မျက်မှောင်ကိုကြုတ်၍ ခေါင်းကိုငုံ့ကာ နားကြပ်ထဲမှ အသံကလေးတစ်သံကို ကြာရလိမ့်နိုးဖြင့် သေချာအာရုံစိုက်၍ နာထောင်နေမိသည်   နှလုံးခုန်သံကလေးတစ်ချက်ပဲဖြစ်ဖြစ် အသက်ရှုသံလေးသဲ့သဲ့ပဲဖြစ်ဖြစ်ပေါ့ သူမျှော်လင့်ကြီးစွာ ဖြစ်မိသော ထိုအသံတို့အစား ငိုရှိုက်သံ သဲ့သဲ့ကို ကြာမိသလိုလို ထင်မင်သည် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ထိုအသံသည် သူ့အတွက်တော့ကြောက်မက်ဖွယ် ကျယ်လောင်လွန်လှသလိုပင်  ကလေး၏ အမေသည် စတင်၍ ငိုက်ရှိုက်နေပြီလေ
    သူ၏ရင်ဘတ်တဒိတ်ဒိတ် လှုပ်ခုန်နေသည် သူ့ပတ်ဝန်းကျင်မှ မျက်လုံးပေါင်းများစွာသည် သူ့အား မျှော်လင့်ကြီးစွာ ငေးစိုက်ကြည့်နေကြသည်ကို သူမကြည့်ပါဘဲနှင့်သိနေသည် သူဘာလုပ်ရမည်နည်း မျှော်လင့်ချက် ကင်းမဲ့စွာဖြင့်နားကြပ်ကို ကလေး၏ ရင်ဘတ်ပေါ်မှ ခွာလိုက်သော သူ့လက်အစုံသည် နှေးကွေးလွန်းလှ၏
    သို့မျက်နှာကို အသာမော့လိုက်သည် နဖူးပေါ်မှာ ခွေးတစ်စက်သည် ကလေးငယ်၏ ငြိမ်သက်နေပြီးဖြစ်သော လက်ဖမိုးလေးပေါ်သို့တေက်ခနဲ့ကျသွားလေသည် ၊သူ့အား ၀ိုင်း၍ စူးစိုက်၍ ကြည့်နေသော မျက်လုံးများကို သူ မမြင်ရဲသလိုဖြစ်နေသည် စကားတစ်ခန်းတော့ပြောမှ ဖြစ်မယ်ဟု တွေးမိသည် သို့သော် သူ၏ နုတ်သည် ခဲဆွဲထားသကဲ့သို့လေးလံလွန်းလှချေ၏ ကလေးအမေသည် သူ့လက်မောင်းအားဘာလုပ်လို့လုပ်မိမှန်မသိသည် အမူအရာဖြင့်ကိုင်လှုပ်လိုက်လေသည်
    ဆရာပြောစမ်းပါ သားကလေးအသက်မရှ့ဘူးမဟုတ်လားဟင်
    သူတို့အားကိုချစ်ခင်သည့်ဆရာဝန်ကလေး၏ မျက်လုံးအစုံတွင်ရစ်ဝဲနေသော်မျက်ရည်စတို့ကို သူတို့မြင်သွားကြပြီး စကားတစ်ခွန်းမျှ မပြောရပါဘဲနှင့်အဖြေမှန်ကို အားလုံးသိသွားကြလေသည်
    တိတ်ဆိတ်လွန်းမက တိတ်ဆိတ်လျသော တဒင်္ဂသည် တစ်ခဏအတွင်းမှာပင် စီခနဲ့ ဆူညံသွားလေ၏ ကလေးအမေသည် ယခုတော့ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်
    "ဆရာရယ် မကယ်နိုင်တော့ဘူးလား ကျွန်မသားကလေးကို ကယ်ပါဦး"
    ချာတိတ်ကလေး၏ ချစ်စဖွယ် မျက်နှာလေးကို သူငေးစိုက်၍ ကြည့်မိသည် မနေတုန်းကမှ သူ့အားတီတီတာတာပြောခဲ့သော ကလေး၏ နုတ်ခမ်းအစုံသည် အခုတော့လည်း မလှု ပ်ရှားနိုင်တော့ပြီ ထိုနေရာတွင် သူမည်သို့မျှ ဆက်၍ နေနိုင်စွမ်း မရှိတော့ ကျလာသော မျက်ရည်တစ်ပေါက်ကို မည်သူမှ မမြင်မီ သူ ချာခနဲ လှည့်ထွက်လာမိလေသည်
    အကြာကြီးပေါင်းသင်း ဆက်ဆံနေမှသာ ငြိတွယ်တတ်သည် မဟုတ် တစ်ခဏမျှသော အချိန်ကလေးအတွင်းမှာ တင်းကျပ်နေအောင် နှောင်ဖွဲ့တတ်သော သံယောဇဉ် ဆိုတာရှိသေးသည်ကို သူ မျက်ဝါးထင်ထင် 
    မြင်ခဲ့လေ၏
    ဆရာဝန်များ စာပွေဲတွင် သူမျက်နှာအပ်နေမိ၏ ဖြစ်နိုင်လျှင် လူတွေ အားလုံးနှင့်ဝေးရာသို့ပြေးထွက်လို့ သွားချင်မသည် ၊နှမြှော ၀မ်းနည်းမှုကို သူ့ရင်ထဲတွင် တင်းကျပ်နေအောင် ခံစားရသည်
    သူ၏ နျာက်နေသော နှလုံးသားအတွင်းမှ ပြင်းထန်သော ခံစားချက်တို့ကို သူ့ဘာသာသူ သတိပြုမိတော့ မလုံမလဲဖြစ်မိ၏ ကဗျာသမား ။စာသမား အတွေးသမားလေးတစ်ယောင်နှင့်သည်လိုဆရာဝန်ဘ၀သည် အပ်မှ အပ်စပ်ပါရဲ့လားဟု ၀မ်းပန်းတနည်းသူတွေးမိလေသည်
    လန်းဆန်းနေသော ပန်းပွင်ကကလေးများ ဓစိမ်းလန်သော မြက်ခင်းကလေးများ ပျံဝဲနေသော လိ့်ပြာကလေး တေးဆိုနေသော ငှက်ကလေးများကို အဖော်ပြုပြီးတေးတော ငေးမောနေတတ်သော အတွေးကမ္ဘာလေးထဲ ပျော်မွေ့နေတတ်သည်  စာသမားကလေးသည် ယခုတော့ နီရဲသော သွေးစက်များ ငိုးညည်း ရှိုက်ငိုသံများ မချိမဆံ ခံသစားနေရသော ဝေဒနာရှင်များ ကဗျာမဆန်သော သေခြင်းတရားတို့နှင့်သာ ထာဝရ ရင်ဆိုင်တွေ့ကြုံနေရတော့မည့် ဆရာဝန် တစ်ယောက်ဖြစ်လာခဲ့လေပြီ
    ဆရာဝန်တစ်ယောက်မှာ ခံစားတတ်သော နှလုံးသား ရှိရတော့ဘူးလား ၊၀မ်းနည်းကြေကွဲခြင်း ၊နှမြောတမ်းတခြင်း တို့ကိုလည်း ဆေးရုံ၏ အပြင်တွင် ဖြုတ်ခွါချထားနိုင်ခဲ့လျှင်ကောင်းမည် ရင်ထဲမှ ခံစားချက်တွေ ငိုညည်းရှိုက်ငုံသံတွေကို မည်သူမျှ မကြား မသိနိုင်အောင် ဖုံးကွယ်တတ်သောပညာကို ရဖို့သူ့တွင် အလေ့အကျင့်များစွာလိုပေဦးမည်
    အလုပ်သင်ဆရာဝန်ကလေး ဒေါက်တာငြိမ်းချမ်းသည် သူ့ရာသက်ပန် လျှောက်လှမ်းသွားရတော့မည့် ဆရာဝန် ဘ၀ကို ရင်မောစွာ ငေးမျှောကြေည့်မိရင်းက သက်ပြင်းရှည်ကြီးတစ်ခု ချမိလိုက်လေသည်
    လွန်ခဲ့တဲ့သုံးရက်က ဒီဆေးရုံကို ချာတိတ်ကလေး ရောက်လာခ့တာပဲ အဲဒီတုန်းက သူ့ရဲ့ ဂျူတီညလေ မိုးတွေ တဖြောက်ဖြောက် စွေနေတဲ့ညချမ်းမှာ ချာတိတ်နဲ့စတွေ့ခဲ့တာ အဲဒီတုန်းက မင်းဖျားနေတယ် ။ဖျားနေရာကမင်း အန်ချလိုက်တယ် မင်းသာ အခုဆက်ပြီး အသက်ရှင်နေသေးရင် ကော်ဖီဆိုတာကြီးကို မင်းမုန်းမိမှာပဲလို့ ထင်တယ် ဘာကြောင့်လဲဆိုတော့  အဲဒီတုန်းက မင်းအန်ခဲ့တဲ့ အရည်တွေဲ အရောင်ဟာကော်ဖီရောင်တွေ မဟုတ်လား
    ကိုယ်စမ်းသပ်ရတဲ့ လူနာကလေးကို ရင်းနှီးသွားအောင် မိတ်ဆက်ရတာ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားလေ
    ဟေ့ သားသား ဦးဦးကို ပြောပါဦးကွ မင်းနာမည် ဘယ်လိုခေါ်လဲ ဘယ်နှတန်းရောက်ပြီလဲ
    သားသားနာမည်က မောင်ငြိမ်းချမ်းပါ သားအခုသုံးတန်းရောက်ပါပြီ ဒေါက်တာငြိမ်းချမ်း ရင်ထဲဒိတ်ခနဲဖြစ်သွားသည်
    ဟာ သားသားနဲ့ ဦးနဲနာမည် တူပဲကွ ဦးဦး နာမည်လည်း ငြိမ်းချမ်း ကိုင်းတွေ့ရတာ ၀မ်းသာလိုက်တာ သားသာားရာ
    ငြိမ်းချမ်း နှစ်ဦး၏  နုတ်ဆက်ပွဲ အခမ်းအနားကို ကလေး၏ အဖေနှင့်အမေ သည် ပြုံး၍ ကြည့်နေခဲ့လေသည် ကလေးအမေက ဆရာ ကျွန်မတို့မှာ ဒီသားလေး တစ်ယောက်တည်း မွေးတုန်းကလည်း ခက်ခက်ခဲခဲ ညှပ်ဆွဲပြီး မွေးထားရတာဆိုတော့ မိသားစု တစ်ခုလုံးရဲ့ အချစ်တော်ကလေး ဖြစ်နေတာပေါ့ဆရာ
    ဟုတ်လား သားသား ကြီးလာရင် ဘာလုပ်မလဲကွ
    ရင်းနှီးခင်မင်စြွ မေးလိုက်မိသည်   သားရဲ့အဖြေက် သိပ်ကို သွက်လက်ပြတ်သားတာပဲ
    ဦးဦးလိုပဲ ဆရာဝန်ကြီး လုပ်မယ်
     “   အောင်မလေး ဆရာရယ် အိမ်မှာ သူ့ကစားရင် ဆရာဝန်လုပ်တမ်းချည်းပဲ တစ်ခါကကျွန်မအိပ်ပျော်နေတုန်း တင်ပါးကို အပ်နဲ့လာထိုးလို့လန့်အော်ရပြီးပြီလေ
    သားမေမေရဲ့ စကားသံက မင်းအတွက် ဂုဏ်ယူ အားရတဲ့ တစ်ဦးတည်သော သားကလေးအပေါ်ချစ်လွန်းတဲ့ မိခင်လေသံ ပီသပါပေတယ်
     ဆရာဝန်ကလေးငြိမ်းချမ်းနဲ့ လူနာကလေးငြိမ်းချမ်းတို့ အဲဒီတုန်းကတည်းက စပြီ ခင်မင်ရင်နှီးသွားကြတာပါပဲလေ ငြိမ်းချမ်းကလေးက သူ့လက်ကို မြဲမြဲကြီး ဆုပ်ကိုင်ထားတယ် ဒီလက်ကလေးသေးသေးထဲက သံယောဇဉ်တွေ သူ့ဆီကို စီးဝင်လာခဲ့သည်လာ ၊သူမတွေးချင်တော့ပြီ
    တခြား ကလေးတွေနဲ့မတူတဲ့ ပုံစံကလေးကို မင်းဆီမှာ တေ့ရတယ် များသောအားဖြင့်ကလေးတွေဟာ ဆရာဝန်နဲ့ ရင်ဆ်ုငတွေဲပီး စမ်းသပ်ခံရပြီဆိုရင် သိပ်ပြီး ကြောက်ကြတာပဲ ဆရာဝန် မြင်ရင် သရဲသဘက်မြင်ရသလိုပဲ   ဆရာဝန်ကို မြင်လို့မငိုတဲ့ ကလေးဆိုတာ ရှားမှရှား   မငိုဘူး ဆိုင်ရင်တောင်မျက်လုံးလေးကလယ်ကလယ်နဲ့ကြောက်လန့်တဲ့ အရိပ်အရောင်တော့မြင်ရစမြဲ
    မင်းရဲ့ မျက်လုံးလေးတွေကျတော့အဲသလိုမဟုတ်ဘူး ၊ အရောင်တောက်ပြီးဝင်းလက်နေတယ်။
    ဆရာဝန်ကေလေးငြိမ်းချမ်းကို ကြည့်နေတဲ့မျက်လုံးထဲမှာ ကြောကရွံ့မှု့အစား ခင်မင်မှု ၊ အားကျနှစ်လိုမှု့တွေမြင်နေရတယ် ။  မင်းရဲ့ အမူအရာ တွေကလည်း ထူးခြား ၊ ဒါကြောင့် တခြားကလေးတွေလူနာတွေအများကြီးနဲ့မတူတဲ့သားသားကို ဦးဦးထူးထူးခြားခြားခင်မိတာ ဦးဦးအပြစ်လား သားသားရေ ။တကယ်တမ်းကျတော့ အဲသလို မခင်မိခဲ့ရင် ကောင်းမှာ ။
    သားရေ မင်း ဦးဦးလို ဆရာဝန်လုပ်မယ်ဆို  ‘
    သေခြင်းတရား ၊ နာခြင်းတရားကို တည်ငြိမ်စွာ ရင့်ကျက်စွာ ရင်ဆိုင်နိုင်ရမည်လေ ။ မင်းဆရာဝန်မဟုတ်ဘူးလားဟု သို့ကိုယ်သူ ပြန်၍ မေးမိသည် ။
    ကဗျာသမား ၊ စာသမား ။ အတွေးသမားကလေးတစ်ယောက်သည် တစ်ချိန်တည်းတွင် ဆရာဝန်တစ်ဦးပါ ဖြစ်နေခဲ့သည်ပဲ ။ ဒါပေမယ့် ဆရာဝန်ဆိုသည်မှာလည်း ခံစားတတ်သည့် လူသားတစ်ဦးပဲမဟုတ်ဘူးလား ။ အလုပ်သင် ဆရာဝန်ကလေးတစ်ယောက်၏ နုနယ်သော နှလုံးသားတွင် ဒဏ်ရာ ရခဲ့ပြီ ။ ဒီလို ဒဏ်ရာတွေဆက်ကာဆက်ကာ ရပြီးနောက် ခါးသီးတဲ့အတွေ့အကြုံများစွာ ရင်းနှီးပြီးတဲ့အခါ တည်ငြိမ်ရင့်ကျက်သော ဆရာဝန်ကြီးတစ်ယောက် သူဖြစ်လာပါလိမ့်မည် ။
     သို့သော် အခုတော့ ၊ အခုအချိန်တွင်တော့…..၊ နာကြပ်ကို သူ့လက်မှာ တင်းတင်းလေးဆုပ်ထားလိုက်သည်၊ နာကြပ်ကလေးကို ကြည့်ရင်းသားသားရဲ့မျက်လုံးတောက်တောက်ကလေးတွေကို သူကြေကွဲစွာ သတိရမိ၏ ။
    ဒီနားကြပ်ကလေးနြ့သီးဦးက မင်းရင်ဘတ်ကိုထောက်ပြီး နားထောင်တော့မင်းကတစ်ခုပြန်ပြီး တောင်းဆိုတယ် ။
    ‘  ဦးဦးရဲ့ ရင်ဘတ်ကို သားလည်းပြန်နားထောင်မယ်နော်ရယ်ရယ်မောမော်နဲ့သားသားရဲ့အလိုကို ဦးလိုက်ခဲ့ရတယ် ၊ မင်းတို့မေမေကတောင် ဦးကို အားနာလို့ပေါ့ ။
    ဦးဦးရဲ့ ရင်ဘတ်က မြင်းပြေသလို ခုန်နေတဲ့နှလုံးခုန်သံကို မင်းကြားရလို့ သိပ်သဘောကျ နှစ်ခြိုက်ခဲ့တာ ဦးမမေ့နိုင်ဘူး ။ပြီးတော့ နောက်ပိုင်းသားတို့အခန်းရှိရာ ဦးလာတုန်း အခန်းဝကကြားခဲ့တဲ့မင်းနဲ့မင်းမေမေ ပြောနေတဲ့စကားသံကိုလည်း ဦးဦးမမေ့နိုင် ။
    မေမေ အိမ်ပြန်ရောက်ရင် ဟိုဦးဦးကိုင်တဲ့နားကြပ်မျိး သားသားကို ၀ယ်ပေးရမယ်နော်လို့ဆိုးနွဲ့ပြီး အမေ့ဆီက ပူဆာနေတဲ့သားရဲ့ အသံရယ် ၊ မင်းမေမေရဲ့သားနေကောင်းပြီး အိမ်ရောက်တာနဲ့ အမေ ၀ယ်ပေးမယ်နော် လို့ ကတိပေးခဲ့တဲ့အသံရယ် ၊ ခုတော့မင်း သိပ်လိုချင်တဲ့ နားကြပ်ကလေးကို မင်း မယူသွားတော့ဘူးလာဟင် ။
    ချာတိတ်မင်းရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်လေးကို သူတို့ယူဆောင်သွားကြတော့မယ် ။ မင်းမေမေက မျက်ရည် စက်လက်နဲ့ ဦးကို နုတ်ဆက်နေလေရဲ့ ။
    ဆရာ ကျွန်မတို့ပြန်ပါဦးမယ် ။ သားကလေး ဆေးရုံတက်ချိန်မှာ အစစအရာရာ ဂရုတစိုက်ပြုစုခဲ့တာ မေမေ့ပါဘူး ဆရာ ။  မင်းကရော ဦးဦး သားသား ပြန်တော့မယ် လို့နုတ်ဆက်မသွားတော့ဘူးလားကွယ် ။
    မင်းသာ အဲဒိလို နုတ်ဆက်ခဲ့မယ်ဆိုရင် ဦးဦးကလည်း ပြန်ပြောလိုက်ချင်ပါရဲ့ ။
    တာ့တာ သားသားရေ ပြန်တော့ကွယ် ၊ နောက်တစ်ခါဆေးရုံကို လာတဲ့အခါ ဒီလို လူနားကလေးတစ်ယောက်အဖြစ်မဟုတ်ဘဲ ဆရာဝန်ကလေးတစ်ယောက်အဖြစ် လာခဲ့နော်လို့
    ဦးဦးရဲ့စကားတွေကို တမလွန်က မင်းကြာနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါရဲ့
    လူနာကလေး မောင်းငြိမ်ချမ်း၏ မှတ်တမ်းစာရွက်များသည် စာပွဲပေါ်တွင် ပြန်ကြဲနေလေ၏ ၊ စာရွက်ပေါ်တွင် သူရေးထားခဲ့သော ရောဂါအမည်ကို သူမုန်းတီစွာ ကြည့်မိလေသည် စာလုံးလေးသုံးလုံးတည်းပါပဲ အဲဒါကတော့ ‘DHF ‘‘Dengue Hemorrhagic fever တဲ့လေ ။  သွေးလွန်တုပ်ကွေး ဟု နာမည်ကြီးလှသော ရောဂါဆိုးကြီးကို သူမုန်တီးနာကြည်သည် ။
    ကျောင်းတုန်းက သူတို့၏ ဆရာမကြီး ပါမောက္ခ ဒေါ်သိန်းသိန်းမြင့်၏ စကားသံကို သူကြားယောင်မိသည် ။
    ဒီ DHF ရောဂါမှာ  တခြားရောဂါတွေနဲ့မတူတဲ့ ထူးခြားချက်ရှိတယ် ။ ဒီရောဂါဟာ သိပ်ချစ်စရာကောင်းပြီးတိတိတာတာ ပြောဆိုတတ်တဲ့ကလေးတစ်ယောက်ကို ဆော့ကစားနေရာက ရုတ်တရက် ဖျားပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဗြုန်းခနဲ သေဆုံးသွားစေတတ်တယ် ၊ မင်းတို့ စဉ်းစားကြည့်စမ်း အဲဒီအခါကျ ကလေး ကလေးရဲ့ မိဘတွေရော ဆရာဝန် ဆရာမတွေပါ မကျန် ဘယ်လောက်တောင်နှမြောတသပြီး ယူကျုံးမရ ဖြစ်လိုက်မလဲ ဆိုတာလေ ။
    သူ့စိတ်ထဲတွင် အလှပဆု့ါ် ၊အစိမ်းလန်းဆုံးဆိုတဲ့ ဖူးသစ်စအရွယ်က ကလေးငယ်များကို လူ့ဘ၀သစ်ပင်ထက်မှ ရက်စွက်စွာ ကြွေလွင့်သွားအောင် စောစီးစွာ ခြွေပစ်သော ရှင်သေမင်းကို နာကြည်းရမည်လား ။လှပချစ်စဖွယ် ကလေးငယ်များကို ရွေး၍ ရက်ရက်စက်စစက် ဇီဝိန်ခြွေပစ်တတ်သော DHF ဟူသည် ရောဂါဆိုးကို အပြစ်ဆိုရမည်လားမသိတော့ပြီ ။
    မျက်စိနှင့်မမြင်နိုင်လောက်အောင် သေးငယ်သော သွေးလွန်တုပ်ကွေးဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကလေးများသည် တ၀ီဝီနှင့် ပျံနေသော ခြင်ကျားကောင်ကလေးများမှတစ်ဆင့် ကလေးငယ်တို့၏ သွေးထဲရောက်သွား၏ ၊ ပြေးလွှာဆော့ကစားနေရာမှ ရုတ်တရက် အဖျားသွေးဝင်လာစေ၏ ။
    ထိုသေးငယ်သော ဗိုင်းရပ်စ်ပိုးများ၏ အစွမ်းသည် အံသြဖွယ်ပင် ။
     ကံဆိုးသူ ကလေးငယ်များတွင် ဖျားပြီး သုံးလေးရက်အတွင်း၌ သွေးလန့်သောလက္ခဏာများပေါ်ပေါက်လာတတ်၏ ။ သွေးလွန်တုပ်ကွေးလို့ ဒါကြောင့်ခေါ်တာပဲ ။   ထိုအချိန်တွင် ကလေးမိဘတွေ ခြေမကိုင်မိလက်မကိုင်မိ စိုးရိပ်ပူပန်ကြရတော့၏ ။ဗိုင်းရပ်စ်ပိုးလေးများ၏ ဖျက်စီးးမှုကြောင့် သေးယုသော လက္ခဏာများပေါ်လာတတ်၏ ။
    အစာအိမ်တွင် ၊ အူထဲတွင် သေးယိုပီဆိုလျှင် ကော်ဖီရောင် အရည်တွေ အန်မည် ။ ကတ္တရာစေးကဲ့သို့ -မ်းမည်းမည်းများသွားမည် ။ အချို့နှခေါင်းထဲမှ သွေးယိုတတ်၏ ။ အချို့တွင် အရေးပြားပေါ်မှာ သွေးခြည်ဥသကဲ့သို့ အနီစက်ကလေးများပေါ်လာတတ်သည် ။ ထိုအချိန်မျိုးတွင် ကလေး၏ သွေးဖိအားကျသွားပြီး ခြေဖျားလက်ဖျားအေးစက်လာတတ်သည် ။ကလေးသည် လန်းဆန်းမှုမရှိတော့ဘဲ မှိန်းနေတော့မည် ။တစ်ခါတစ်ရံ ကယောက်ကတမ်းဖြစ်တတ်သည် ၊ရုတ်တရက် သတိလစ်မေ့မြောသွားတတ်သည် ။
    ဒေါက်တာငြိမ်ချမ်းသည် သားသားသူတို့ဆေးရုံသို့ရောက်လာပုံကို ပြန်မြင်ယောင်မိလေသည် ။
    သားသားရေ မင်းကောဖီရောင်တွေ အန်ပြီး ဦးဦးဆို့ဆီရောက်ခဲ့တာ သားရဲ့ကံကြမ္မာက ဆိုးရွားခဲ့တယ်နော် ၊ ဦးဦး ကလေတာ့ ကုသိုလ်ကံကြမ္မာ ဆိုတာကို မယုံချင်ပါဘူး ။ ဒါပေမဲ့ သား စဉ်းစာကြည့်လေ ၊ ဦးဦးတို့ ဒီရောဂါကို ကုသကြတဲ့အခါ ဒီရောဂါဖြစ်အောင် လုပ်တဲ့တရားခံ ဗိုင်းရပ်စ် ပိုးကောင်တွေကို သေအောင် သတ်နိုင်တဲ့ဆေး မရှိသေးဘူး ။  အဲဒီတော့ ဦးဦးတို့က သူတို့ဒုက္ခပေးလို့ ခန္ဓာကိုယ် သွေးကြောတွေထဲက ထွက်ကုန်တဲ့ သွေးရည်ကြည်တွေ သွေးတွေအစား ကလေးရဲ့ အခြေအနေကို သေချာစောင့်ကြည့်ပြီး လိုအိပ်သလို ဓာတ်ဆားရည် ၊ သွေးရည်ကြည် ၊ သွေးဆွေကို အချိန်ကိုက် အစားထိုးထည့်သွင်းပေးရတယ် ။ဒီလို သွယ်ဝိုက်ပြီး ကုသကြရတာ ဆိုတော့ ၀င်သွားတဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ အင်းအားကြီးမားမှု့ပမာဏရယ် ဦးဦးတို့ရဲ့ ကုသမှုရယ် သားတို့ရဲ့ ကုသိုလ် ကံကြမ္မာရယ်ဟာ အားပြိုင် လွန်ဆွဲကြတော့တာပေါ့ ။
     ဦးဦးတို့ ဆရာဝန်တွေ သားတို့တွေ အင်အားမလျော့သွားအောင် အင်းအားဖြည့် ကူညီဖို့ပဲ တတ်နိုင်တာ ၊ ရန်သူ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်ဖို့ လက်နက်မရှိဘူးကွယ် ။ ဆေးရုံရောက်စက သားအခြေအနေက မဆိုးပါဘူး ၊ သားကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ ဦးတို့နဲ့ အနီးဆုံးမှာ နေရာချထားပေးခဲ့တယ် ။
    တာဝန်အရရော ချစ်ခင်မှု သံယောဇဉ် အရရော သားဆီ ဦးဦ ခဏခဲဏရောက်လာတတ်တယ် ။ ပထမရက် ၊ ဒုတိယရက် ဦးနဲ့သားနဲ့ပိုပြီး ခင်မင်လာကြတယ် ။ မင်းက သိပ်စကားတတ်ပြီ တီတီတာတာ ပြောတတ်တာပဲ ။
     သားသားအတန်းထဲမှာ  အမြဲပထမရတယ် ။  ဦးဦး ငယ်ငယ်တုန်းကရော သားလို ပထမရလားဟင်
    ရတာပေါ့ သားရယ် ၊ ဦးဦးက အမြဲတမ်း အတန်းထဲမှာ ပထမ သားလိုပဲ ။
    ဒါဆို ဦးလိုပဲ သားလည်းကြီးရင် ဆရာဝန်ဖြစ်မှာပေါ့နော် ။
    သိပ်သေချာတာပေါ့ သားသားရယ် စာကြိုးစားနော်
    အခုနေမကောင်းလို့ကျောင်းစာတွေ နောက်ကျကုန်တာ့မှာပဲ ဦးဦးရယ် ၊ သားဆေးရုံက ဆင်းရင် ဦးဦး သားဆီလာလည်ရမယ်နော် ။
    သေချာပေါက် လာလည်မှာပေါ့ သားသားရယ် ။
    သံယောဇဉ်ဆိုတာ တမင် ဖန်တီးယူလို့ရသည်မဟုတ် ၊တိုက်ဆိုင်သွားသည့်အခါ ကြိုးမျှင်ကလေးတွေချင်း ငြိတွယ်ပြီး ခိုင်မြဲသွားတတ်သည်လားမသိ ၊ မင်းလေးကိုကြည့်တော့ ဦးရဲ့ ငယ်ဘ၀ကို ပြန်မြင်ယောင်မိစေတယ် ။ ဦးငယ်ငယ်က သားလိုဆေးထိုးအပ်တွေ ၊ နာကြပ်တွေ ၀ါသနာ မပါဘူး ၊ ဦးဦးက ငယ်ငယ်ကတည်းက စာအုပ်လေးတစ်အုပ်ကို ချောင်ထဲမှာ ကုပ်ကုပ်လေး ဖတ်ပြီး ငေးမော တွေးတောနေတတ်တဲ့ဝါသနာရှိတာ ၊ ဒါပေမယ့် အခုတော့ ဦးဦးဟာ နားကြပ်ကို ကိုင်ပြီး ငိုင်နေမိပြီ ၊ လူနာတွေ လူသေတွေ သွေးစက်တွေ ၊ငိုးညည်း ရှိုက်ငိုသံတွေ ကြားမှာ လှုပ်ရှားရင်းနဲ့ တွေးတော ငေးမောနေတတ်တဲ့ ဦးဦးဟာ ဆရာဝန်တစ်ယေယာက်မှ ပီသပါလေစ ၊ မင်းလို ငယ်စဉ်လေးကတည်းက နာကြပ်နဲ့ ဆေးထိုးအပ်ကိုစိတ်ဝင်စားသူကလေးဟာ ကြီးလာရင် ဘယ်လောက်တောင် ထူးချွန် ထက်မြတ်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်လာလိမ့်မလဲ ၊ ဦးဦး နှမြောတသမိပါရဲ့ ။
     ဒါပေမယ့် ကံကြမ္မာဆိုးဟာ သားသားကို ဒီလောက ကြာကြာ မနေနိုင်အောင် ရက်ရက်စက်စက် ကြွေလွင့်သွားစေခဲ့တယ် ။
    ဒီနေ့ဆို သားသား ဆေးရုံရောတာ တတိယနေ့ ၊ ဆေးရုံကို ရောက်ရောက်ချင်းပဲ  သားသားဆီ ဦးဦးရောက်ခဲ့တယ် ။ ခါတိုင်းလို ဦးဦးကို ရွှင်ရွှင်ပျပျ မနုတ်ဆက်နိုင်တဲ့သားကို ဦးဦး စိတ်ပူမိတယ် ။  သား မေမေကတော့ မျက်စိမျက်နှာတွေ ပျက်နေပြီ ။
    ‘သားကလေးကို ကယ်ပါဦးဆရာရယ်’ညကတည်းက  သားသား ၀မ်းမည်းမည်းတွေ သွားပြီး ခြေဖျားလက်ဖျားတွေလည်း အေးစက်လာလို့ ညက ဓာတ်ဆားတွေ သွင်းထားရတယ် ၊ ဒီနေ့မနက်တော့သွေးတောင် သွင်းနေရပြီ  ။
    သားမေမေကို အားပေး ၊ မင်းရဲ့ လက်ထိပ်ကို သွေးဖောက်တော့ မင်းရှုံမဲ့ပြီး မျက်လုံးဖွင့် အကြည့်မှာ ဦးဦးကိုတွေ့သွားခဲ့တယ် ။ လှစ်ခနဲ ပြုံးပြခဲ့တဲ့ သားရဲ့ အပြုံးကို ဦးနောက်ဆုံး တွေ့ခဲ့ရတာပါပဲ ။
     အလုပ်သင် ဆရာဝန်လေးတစ်ယောက်ရဲ အလုပ်တွေကလည်း များပြားလှပါဘိ ၊ ကလေးလူနာသစ်လေးတွေကို စမ်းသပ်စစ်ဆေး ၊ဆေးကုပေးရ ဆေးထိုးပေးရ  သွေးဖောက်ရ တစ်မနက်လုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရတဲ့ကြားက သားသားဆီ စိတ်နေရာက်နေမိတယ် ။ အကြာမကြာလည်းပြေးကြည့်မိတယ် ။  သားကို ဦးတို့ရဲ့ ပါမောက္ခ ဆရာမကြီးကိုယ်တိုင် ဦးဆောင်ပြီး အစွမ်းကုန် ကြိုစားကုသပေးနေခဲ့တယ် ။  ဒါပေမဲ့ ဦးဦးပြောခဲ့ ပြီးပြီပဲကွယ် ။ ကံကြမ္မာဆိုတာ ဦးဦးတို့ကြိုတင် မခန့်မှန်းနိုင် ၊ မမြင်နိုင်ဘူး မဟုတ်လား ။
     ဦးဦးကတော့လေ သားသား တစ်ယောက် ကုသိုလ် ကံကြမ္မာ ကောင်းပါစေလို့ တိတ်တိတ်ကလေး ဆုတောင်းနေမိတော့တယ် ။  တစ်ဦးတည်းသော သားလိမ္မာကလေးအတွက် သားရဲ ဖေဖေနဲ့မေမေ ပူပန်တုန်လှုပ်နေပုံဟာ ဦးဖြင့်  ဘယ်လိုအားပေးစကား ပြောရမယ်တောင် မသိတော့ဘူး ။
    နောက်ဆုံးတော့ . သားသားရေ မင်းကို ကံကြမ္မာ ဆိုးတွေက မွှေနှောက်လိုက်သလား ၊ ဗိုင်းရပ်စ် ပိုးတွေကပဲ အငြှိုးတကြီးနဲ့  ရက်စက်လိုက်တာလား ၊ သာလို လှပချစ်စဖွယ် ကလေးငယ်လေးကို ရှင်သေမင် သဘောကျ နှစ်ခြိုက်သွားပြီလား ဦးဦးမသိနိုင်တော့ဘူး ။
    သားသားလောကကြီးထဲက ထွက်ခွါသွားချိန် ကျတော့ ဦးတို့ တစ်တွေကိုတောင် နုတ်မဆက်သွားနိုင်ခဲ့တော့ဘူး ။ အဲဒီတုန်းက မိုးစက်လေးတွေကလည်း တဖြောက်ဖြောက်နဲ့ ကျနေလေရဲ့ ၊ အဲဒီတစ်ချိန်တည်းမှာ ဦးဦးတို့ ကလေးဆေးရုံကြီးရဲ အပြင်ဘက် ကုက္ကိုပင်ကြီးပေါ်က စိမ်းရွက်နုကလေးတစ်ရွက် ကြွေလွင့်သွားခဲ့တယ် ။ နှမြောလှပါဘိ စိမ်းရွက်နုလေးသားသားရယ် ။
    အလုပ်သင် ဆရာဝန်ကလေး ဒေါက်တာငြိမ်းချမ်း တစ်ယောက် စာပွဲပေါ်က နားကြပ်ကလေးကို ငေး စိုက်
    ကြည့်နေရင်း အတွေးနယ်ထဲတွင် လွင့်မျောနေမိသည် ။ သည်နားကြပ်ကလေးကို နားထောင်တိုင်း လူနာ၏ နှလုံးခုန်သံ ၊ အသက်ရှူ သံတွေကိုသာ ကြားချင်လှပါသည် ။ ခုနတုန်းကလို ငိုရှိုက်သံ သံ့သဲ့ကလေးကိုမျှ သူ မကြာလိုတော့ပြီ ၊ သူကြားခဲကသော နားကြပ်ထဲမှ ငိုရှိုက်သံသည် ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ ဟု သူ တိတ်တိတ်ကလေး ဆုတောင်းမိတော့သည် ။
     ထိုခဏမှာပင် သူ့အနီးသို့ ကလေးအမေတစ်ယောက် မောကြီးပန်းကြီးအပြေားအလွှာရောက်ရှိလာသည် ။
    “  ဆရာ ဆရာ  ၊ ကျွန်မ သားကလေး ၀မ်းမည်းမည်းတွေ သွားပြီး သတိလစ်သွားလို့ အမြန်လာကြည့်ပေးပါဦး“
     သူ့ရင်ဘတ်သည် ဒိတ်ခနဲ ခုန်သွားသည် ။ ရုတ်တရက် အသက်ဝင်လာသကဲ့သိုပင် ဒေါက်တာငြိမ်ချမ်းသည် နားကြပ်ကို ဆတ်ခနဲ ကိုင်ဆွဲကာ ကလေးအမေ၏ နောက်မှ အပြေးအလွှားလိုက်သွားလေတော့သည် ။
    တာဝန်နဲ့ အလုပ်သည်  ဆရာဝန်တစ်ယောက်အဖို့ နှလုံးသားကိုပါ သင်ပေးသည် ဟူသော အတွေးကို ဒေါက်တာငြိမ်ချမ်းတစ်ယောက် အလုပ်သင်းဆရာဝန်လေးအဖြစ်နဲ့ နားကြပ်ကလေးက ငိုးရှိုက်နေသော သံစဉ်များကို ခံစားရင်း…
    လူသားတိုင်း ရောဂါကင်း၍ ကျန်းမားကြပါစေ …..
     ဒေါက်တာ စိုးလွင်၏ ဆေးလောကဇာတ်ခုံပေါ်က အတွေအကြုံများ စာအုပ်မှ ပြန်လည်ရေးသားဖော်ပြပါသည် .
                                                                                         ကျေးဇူးတင်စွာဖြင့်
                                                                                       တက္ကသိုလ်မင်းနန္ဒာမင်းကင်း
                                                                                         ၁၇.၁၁. ၂၀၁၅
    No comments:
    Post a Comment